ဝက်ခြံ ဝက်ခြံ ဘယ်လိုလုပ်ရပါ့

By 1:43 AM

ဝက်ခြံပေါက်တာက တော်တော် စိတ်ကသိကအောက်ဖြစ်စရာကောင်းပါတယ်။ ဒီတိုင်းပျောက်လို့က အကြောင်းမဟုတ်ပါဘူး။ ယောင်လိုက်ပြည်တည်လိုက်၊ အမာရွတ်တွေကျန်လိုက်။ အမာရွတ်ကပျောက်မယ်မကျန်သေးဘူး၊ အသစ်က ထပ်ထွက်လာပြန်လိုက်နဲ့ ဝက်ခြံ သံသရာလည်နေတော့တာပဲ။

ဝက်ခြံတွေက များသောအားဖြင့် အပျိုဖော်ဝင်ကာစ အရွယ်မှာ ပိုအဖြစ်များပြီး အသက် နှစ်ဆယ် စွန်းတာနဲ့ သူ့အလိုလို လျော့သွားတတ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ စင်းလုံးချောပျောက်နိုင်မယ်ဆို တာ ခန့်မှန်းလို့ မလွယ်ပါဘူး။

ဘာကြောင့်ပေါက်ရတယ်


ပုံမှန် အရေပြား

ဝက်ခြံ



 မွေးညင်းနုလေးတွေ ဘေးမှာ အသားအရေကို စိုပြေစေဖို့ သဘာဝ အဆီထုတ်ပေးတဲ့ follicle အိတ် လေးတွေရှိပါတယ်။  အကြောင်းတစ်ခုခုကြောင့် လမ်းပိတ်သွားတဲ့အခါ အဆီက အထဲမှာ ခဲသွား ပါတယ်။အပေါ်က keratin နဲ့အုပ်တာခံရတဲ့ အခါ ဆားဝက်ခြံလေးတွေ ဖြစ်လာပါတယ်။ အရေပြားပေါ်မှာ အကျိုးပြုတဲ့ ဘက်တီးရီးယား က ပိတ်နေတဲ့နေရာဆီရောက်လာပြီဆိုရင်တော့ နီမယ်၊ ပြည်တည်မယ် ဝက်ခြံ  ဖြစ်လာပါမယ်။

ဟောမုန်း

ရာသီစက်ဝန်း အဆုံးနားလေးနဲ့ အပျိုစဖြစ်တဲ့ အခါတွေမှာ သွေးထဲမှာ Androgen ပမာဏတက် လာပါတယ်။ Androgen က အဆီအိတ်တွေကို ပိုကြီးထွားစေပြီး အလုပ်ပိုလုပ်စေတာကြောင့် လမ်းကျဉ်းကျဉ်းလေးမှာ ဈေးတန်းလျှောက်သလို  အဆီထွက်ဖို့ လမ်းတွေ ပိတ်ကုန်တာဖြစ်ပါတယ်။

ဟောမုန်းအပြောင်းအလဲရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်၊ Polycistic ovary syndrome နဲ့ steroids ပုံမှန်သောက်နေရတဲ့ သူတွေမှာလည်း တွေ့ရပါတယ်။ သွေးဆုံးခါနီးအချိန်မှာ မ ဟောမုန်း estradiol နည်းသွားတာကြောင့်လည်းဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှု

Singaporean မြီးကောင်ပေါက် တွေ မှာ ဝက်ခြံထွက်တဲ့ သူတွေက stress level နဲ့တိုက်ရိုက်အချိုးကျတာကို တွေ့ရှိခဲ့သလို National Institute of Health (USA)  ရဲ့ စာတမ်းအရ stress ဟာ ဝက်ခြံအခြေအနေကို ပိုပြီးဆိုးရွားစေတာကို လည်း တွေ့ရှိခဲ့ပါတယ်။ Stress  ကြောင့်ပဲ ဝက်ခြံဖြစ်လား၊ ဝက်ခြံထွက်တာ ကြောင့် stress ဖြစ်တာလား ဆိုတာတော့ ကဂနဏ မသိရသေးပါဘူး။

ရောဂါပိုး



Propionibacterium acnes က ဝက်ခြံကို ဖြစ်စေပြီး Staphylococcus epidermidis ကတော့ အကောင်လေးတွေ follicles နားမှာ စုဝေးဖို့အားပေးတဲ့ တရားခံပါ။ သူတို့တွေ က အဆီထုတ်တဲ့ cycle ကို ကမောက်ကမဖြစ်စေသလို၊ ဝက်ခြံကြွေကျတာကိုလည်းနှေးစေပါတယ်။ အခုအခါမှာ antibiotics ကို ခံနိုင်ရည်ရှိတဲ့ strains တွေလည်းပေါ်နေသေးပါတယ်။

အစားအသောက်

သကြားတို့၊ ကစီတို့ အများကြီးပါတဲ့ အစာတွေက ဝက်ခြံကို ပိုပြီးဆိုးစေတယ်လို့ ဆိုပါတယ်။နောက်တစ်ခု က နွားနို့ သောက်တာနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်တဲ့။ ဒါပေမယ့် ချောကလက် နဲ့ ဆား သုံးစွဲ တို့ကြောင့် ဝက်ခြံဖြစ်တယ် ဆိုတာကို တော့ သက်သေမပြနိုင်ပါဘူး။

ဘာတွေလုပ်မလဲ

Benzoyl peroxide



P. acnes ကို သတ်ပေးပါတယ်။ side effect က မျက်နှာခြောက်တယ်၊ နီတယ်၊ စပ်ဖျင်းဖျင်းနဲ့ အပြင်သွားရင် sunscreen လိမ်းသွားရတယ်။ မဟုတ်ရင် ကြွလာရော။ (လိမ်းဖူးသည်) ကောင်းတဲ့ အချက် က ဆေးသောက်စရာမလို ပဲ သောက်ဆေးနဲ့ အာနိသင် အတူတူပဲ။ ဆေးယဉ် တာလည်း မရှိဘူး။

Antibiotics

အဲဒါက ဆိုးဆိုးရွားရွား တွေအတွက် ပါ။ ဆေးယဉ်တတ်ပါတယ်။ လိမ်းဆေးရော သောက်ဆေးရောရှိပါတယ်။  Erythromycin, Clindamycin, tetracycline, minocycline တို့ပါ။ (ဒါလည်း သုံးဖူးတာပဲ) ကောင်းတာက Benzoyl Peroxide လို မျက်နှာရဲတာရောင်ကိုင်းတာ အဲလောက်မဆိုးဘူး။

ဟော်မုန်း

ဝက်ခြံဖြစ်စေတာက ကျားဟောမုန်း အနွယ်ဝင်တွေပါ။ ဒီတော့ မဟော်မုန်းပေးရတာပေါ့။ တချို့ ဆရာ တွေ ကုလို့မနိုင်တော့လို့ ကိုယ်ဝန်တားဆေး ပေးလိုက်ရင် တော်တော်များများ သက်သာသွားကြတာကို တွေ့ရပါတယ်။ အထိရောက်ဆုံးက ကျားဟောမုန်း ကိုတိုက်ဖျက်တဲ့ cyproterone နဲ့ မ ဟော်မုန်း estrogen ကို ပေါင်းထားတဲ့ Diane 35/ Dianette ပါ။  နောက်တစ်မျိုး ဘေးထွက်ဆိုးကျိုးနည်းတဲ့ Drosperinone လည်းထွက်လာပါပြီ။ သူလည်း ကိုယ်ဝန်တားဆေးပါပဲ။

Retinoids

အဆီထုတ်တဲ့ follicle cycle ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးပါတယ်။ နာမည် တွေက Tretinoin (Retin-A)(လက်ရှိသုံးနေသည်), adapalene (Differin), and tazarotene (Tazorac) ပါ။ အဆီထွက်လမ်းကို ပိတ်ဆို့ စေတဲ့ keratinization ကို လည်းမဖြစ်အောင်တားပေးပါတယ်။ စစချင်းသုံးရင်တော့ နီရဲတာ အသားခြောက်တာတို့ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ Benzoyl peroxide လောက် မဆိုးဘူး။

ဗိုက်တာမင် အေ နဲ့ အမျိုးတော်တဲ့ isoretinoid ကို တစ်နေ့တစ်လုံး 4 လမှ 6 လအထိ သောက်မယ်ဆိုရင် ရေရှည် ဝက်ခြံမထွက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ Roaccutane, Accutane, Amnesteem, နာမည်တွေနဲ့လာပါတယ်။ ဆိုးဆိုးရွားရွား ဝက်ခြံပေါက်တဲ့သူရဲ့ 80% လောက်မှာ မျက်နာစဉ်းလုံးချောဖြစ်လောက်အောင်  ရှင်းနိုင်ပါတယ်။ ရပ်လိုက်မယ်ဆိုရင်လည်း  ဆေးအာနိသင်အကြာကြီးထိန်းထားနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။ နှာခေါင်းသွေးလျှံတာ၊ အသည်းထိတာ၊ ကိုယ်ဝန်ဆောင်တွေသုံးရင် ကလေးမှာ ကိုယ်လက်အဂါ ချို့တဲ့တာ ဖြစ်တတ်ပါတယ်။

Nicotinamide

အရောင်ကျဖို့ အတွက် သုံးလို့ရပါတယ်။ 1995 ကလုပ်တဲ့ သုတေသန အရ antibiotics လို အလားတူ အာနိသင်ရှိတယ်လို့ဆိုပါတယ်။ ဗိုက်တာမင် B3 အမျိုးအစား ပါ။ အသားအရေကို တင်းရင်းစေတဲ့ collagen ဖွဲ့စည်းရာမှာပါဝင်သလို အရေပြားမှာရှိတဲ့ အမည်းစက်တွေကို ဖျော့ ပေးနိုင်ပြီး၊ အစိုဓာတ်ကို လည်းထိန်းပေးပါသေးတယ်။

တခြား

Ayuveda ကျမ်းထဲမှာ ရှားစောင်းလက်ပတ်၊ နနွင်းတို့ကို ဝက်ခြံအတွက် အစွမ်းထက်တယ်လို့ ဖော်ပြထားပါတယ်။ အတိအကျ သုတေသနပြုထားတာတော့ မရှိသေးပါဘူး။

Tea tree oil


အထိုက်အလျောက် အောင်မြင်တယ်လို့ဆိုရမှာပါ။ အသားအရေကို မခြောက်သွေ့စေပဲ၊ P. acnes ကိုသတ်နိုင်တဲ့အပြင်၊ ရောင်ရမ်းတာကို ကျစေတဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။

နည်းပညာ

Dermabrasion လုပ်လို့ရသလို၊ Phototherapy မှာ လုပ်စရာ Blue and Red light, Photodynamic therapy,
Laser treatment ဆိုပြီး သုံးမျိုးလည်းရှိပါတယ်။ အကုန်အကုန်ဆို surgery လည်းလုပ်ကြပါတယ်။

ကျွန်မနဲ့ ဝက်ခြံ

ကျွန်မ ကိုယ်တိုင်က ဝက်ခြံပေါက်တဲ့ ဒဏ်ကို လှိမ့်နေအောင်ခံခဲ့ရဖူးတယ်။ လှချင်တဲ့အရွယ်မှ ဝက်ခြံတွေက မညှာမတာ၊ မှန်ကြည့်တိုင်း အမြဲ ငိုခဲ့ရတယ်။ အခုတော့ အဆင်ပြေသွားပြီ။ (ပဲပေးရမယ့်အရွယ်လည်း လွန်သွားပြီ)



ဒီပုံတွေက ဝက်ခြံပျောက်ဆေး ကြော်ညာလို့ရတယ်။ :D

ရန်ကုန် ပြန်ရောက်တော့ အတန်းထဲက လူတွေက Plastic surgery လုပ်လိုက်တာလားတဲ့ မေးကြတယ်။ ကျွန်မသုံးတာက Obagi  Nu-Derm set ပါ။ Retin A နဲ့ရောလိမ်းရတယ်။



 ဆေးရုံက Dermatologist ညွှန်းလို့ လိမ်းတာ၊ ဘာမှ မကျန်တော့ဘူး။ ပုံမှန် မသုံးရင်တော့ပြန်ပေါက်တယ်။ အဆီမပြန်အောင်တော့ ဂရုစိုက်တယ်။ မျက်နှာများများသစ်တယ်။ ဆီပါတဲ့ မိတ်ကပ် ကို မသုံးဘူး။ အဆီစုပ်တဲ့ စက္ကူလေး ဆောင်ထားတယ်။ ခရမ်းချဉ်သီးဖျော်ရည်သောက်တယ်။ ဗိုက်တာမင် အေ ပါလို့။

ဒီဆောင်းပါးလေးက ကျွန်မ ချစ်တဲ့ မမပွင့် အတွက်ရေးပေးတာမို့ပြည့်စုံအောင် ရှာ ရေးလိုက်တာ တော်တော်ရှည်သွားတယ်။ ရေးဖူးသမျှထဲ၊ ဒါ အရှည်ဆုံးဖြစ်မယ်ထင်တယ်နော်။ သိချင်တာလေးတွေရှိရင်လည်းမေးလို့ရပါတယ်။ ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေရှင်။


You Might Also Like

14 comments

  1. ညီမလည်းဝက်မွေးတယ်အစ်မ :P
    ပို့စ်လေးအတွက်သိုင်းကျူးပါနော်။
    ဗဟုသုတလေးယူသွားပါတယ်။
    မချောဆီကလာလည်တာပါ။
    လိပ်စာပေးလိုက်လို့ :D
    ပျော်ရွှင်ပါစေရှင်
    ခင်မင်စွာဖြင့်မိစံ

    ReplyDelete
  2. စီးပွါးဖော်၊ စီးပွါးဖက် တွေဆိုတော့ warmly welcome။ :D မချောကိုလည်း ကျေးဇူး ပါလို့။ နောက်အားရင်လည်း လာလည်နော်။

    ReplyDelete
  3. Obagi Nu-Derm set ကိုတော့ ရှာဝယ်လို့ရတယ်... Retin A ကရော... ဘယ်မှာဝယ်လို့ရလဲဟင်...

    ReplyDelete
  4. Retin A က ဆေးဆိုင်တွေမှာ ရနိုင်ပါတယ်ရှင်။ အကယ်၍ prescription လိုတယ်ဆိုရင် မြန်မာပြည်က လှမ်းမှာလိုက်ပါ။ ဆေးဆိုင် တော်တော်များများမှာရှိပါတယ်။

    ReplyDelete
  5. ကျေးဇူးပါနော်... ၀က်ခြံက ဘာသုံးသုံးအရှင်းမပျောက်ဘူးဖြစ်နေတာ... ဒီနေ့မျက်နှာမှာဘာမှမရှိလို့စိတ်ချမ်းသာမလို့ရှိသေး... နောက်ရက်ကျ ပြန်ထွက်နေပြန်ရော... မျက်နှာက အရမ်းsensitive ဖြစ်တော့ အဖုလေးထွက်လာတာနဲ့ အမဲစက်ဖြစ်သွားတာ... :(

    ReplyDelete
  6. How can I buy Obagi? Can I buy online?

    ReplyDelete
  7. Online မှာ ရောင်းတာတော့ တွေ့ရပါတယ်။ ကျွန်မ က တော့ ဆေးရုံက ဝယ်တာပါ။

    ReplyDelete
  8. ကျေးဇူး
    မွမွ

    ပွင့်

    ReplyDelete
  9. Myat Kyi yay,

    Roaccutane, Accutane, Amnesteem ,where can I buy at Yangon ?
    Thank you .

    M2Y

    ReplyDelete
    Replies
    1. M2Y, ​ဆေးဆိုင်​မှာ vitamin A တစ်​လစာ​သောက်​မယ်​မှာလိုက်​, ရတယ်​ :)

      Delete
    2. thank you myat kyi yay

      Delete
  10. မျက်​နှာအဆီမပြန်​​အောင်​ဘယ်​လိုလုပ်​ရလဲ

    ReplyDelete
  11. အမ​ရေ ကူညီပါဦး ကျွန်​​တော်​မျက်​နှာမှာ ဝက်​ခြံအများကြီးပါပဲ့ ​ပျောက်​လိုက်​တက်​လိုက်​ပါပဲ့ခုလက်​ရှိက clinott-150 ​ဆေးကို​သောက်​​နေပါတယ်​​သောက်​စက​ပျောက်​ပါတယ်​ ​နောက်​​တော့ပြန်​တက်​လာတယ်​​ဆေးယင်​လို့လားမသိဘူ​နောက်​ထပ်​မ​ကောင်း​တော့ပါဘူးနနွင်းကိုသန်​လွင်​ဆီမပါပဲ့လိမ်းဖူးပါတယ်​ပို​တောင်​ဆိုးလာပါတယ်​အမ​ညွန်​ပြတဲ့​ဆေး​တွေကအများကြီးပါပဲ့ကျွန်​​တော်​တို့ boy​တွေဆို ဘာ​ဆေးကိုဝယ်​​သောက်​ရင်​​ကောင်းမလည်းညွန်​ပြပါဦး အမ အားကိုးပါတယ်​​ပျောက်​ချင်​လို့ပါ

    ReplyDelete
  12. Vitamin A ပါတဲ့ အားဆေးရှိတယ်မောင်လေး ။အဲဒါတော်တော်အဆင်ပြေတယ်

    ReplyDelete