BB Cream: ကိုရီးယား မင်းသမီးများရဲ့ အသားအရေ အလှ လျှို့ဝှက်ချက်

By 7:00 PM ,

ကိုရီးယားမလေးတွေ အသားအရေလှကြတာကို ကိုရီးယား ဒရာမားကားတွေကြည့်ဖူးသူတိုင်း သတိထားမိကြမှာပါ။ ကျွန်မ ဒီရောက်တော့လည်း အကုန်လုံးက အသားအရေလှမှလှ၊ မျိုးရိုးကြောင့်လားပေါ့။ မဟုတ်ပါဘူး။ သူတို့ မျက်နှာအသားအရေ အဲလို လှပနေတာ BB cream ကြောင့်ပါ။

ကိုရီးယားအလှကုန် ကုမ္ပဏီတွေကနေ BB cream လို့ ခေါ်တဲ့ Blemish cream ကို 2005 မှ စပြီး အာရှမှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ခဲ့ပါတယ်။ BB cream ကို အရင်တုန်းက laser surgery လုပ်ထားတဲ့သူတွေ၊ အသားပြန်တက်အောင်၊ အရောင်ကျပြီး  မြန်မြန်သက်သာအောင်၊ laser ကြောင့်ဖြစ်တဲ့ အမာရွတ်မထင်အောင် အသုံးပြုခဲ့ကြပါတယ်။

 ဆောင်းဟေဂျို (အွန်စော) 
Laser surgery လုပ်ထားတဲ့ Korean Celebrities တွေက ဒီ BBcream ကို  မိတ်ကပ်အနေနဲ့ စတင်အသုံးပြုခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကိုရီးယားအလှကုန်ကုမ္ပဏီများက အများသူငှါဝယ်သုံးလို့ရနိုင်တဲ့  BB cream ကို အပြိုင်အဆိုင် ဈေးကွက်ထဲကို ဖြန့်ချိလာ ကြပါတယ်။ ကိုရီးယားမင်းသမီး ဆောင်းဟေဂျို (အွန်စော) က BBcream အသုံးပြုကြောင်း စပြီး ထုတ်ဖော်ဖွင့်ဟ ခဲ့သူပါ။

 ဈေးကွက်ထဲမှာတွေ့ရတဲ့ BBcream တွေက လူတိုင်းအသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ ပစ်မှတ်ကတော့ ဝက်ခြံထွက်တတ်တဲ့ပျိုမေတွေရယ်၊ sensitve ဖြစ်တဲ့ အသားအရေ (ဥပမာ နေရောင်ထဲရောက်တာနဲ့ မျက်နှာရဲတက်လာတဲ့သူတွေ) အတွက်ပါ။ သူ့ကို skin-care အတွက်ရော၊ မိတ်ကပ်အတွက် ပါအသုံးပြုနိုင်ပါတယ်။ အသားအရေကို ထိန်းသိမ်းပေးသလို မျက်နှာမှာရှိတဲ့ အမဲစက်၊ အမာရွတ်တွေကိုလည်း မှိန်စေပါတယ်။

BBcream ရဲ့ကောင်းကွက်များ


  • မိတ်ကပ်မလိမ်းထားပဲ နဂိုလှနေတဲ့ အသွင်ရရှိစေပါတယ်။
  • သူ့လိမ်းထားရင် foundation ထည့်စရာမလိုတော့ပါဘူး။ ချွေးပေါက်လည်း မပိတ်ပါ။
  • Moisturizer လည်းပါတယ်။
  • မျက်နှာပေါ်မှာရှိတဲ့ အစက်အပျောက်၊ ဝက်ခြံ အမာရွတ်စတာတွေကို မသိသာအောင် ဖုံးပေးပါတယ်။ 
  • အသားအရေကို regenerate ဖြစ်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ နုပျိုအောင်ထိန်းပေးနိုင်ပါတယ်။ 
  • နေရောင်ဒဏ်မှလည်းကာကွယ်ပေးပါတယ်။


ဘာလိုသေးလဲနော်?


ကကြီးမတိုင်းလှနေတာကို မြင်ရတာ အသည်းယားလွန်းလို့မေးကြည့်တာ။ ကိုယ်လည်းသူတို့လိုလှချင်တာကိုးလို့။
 "ဘာကြောင့်ကွယ် ဒီလောက်တောင်များလှနေရလဲဟာ။
 ရွှေမုန့်စားလို့လား၊ ငွေမုန့်စားလို့လား။"
"မဟုတ်ရပါ အစ်မကြီးရာ၊
BB cream, BBcream, Blemish Balm ကို အမြဲသုံးစွဲလို့ပါ၊ အစ်မကြီးရာ" တဲ့။ ဟီဟိ (ပေါပါပေ့)

ကျွန်မဆီမှာရှိတာက Bobbi Brown တံဆိပ်ပါ။ သုံးရတာ တော်တော်လေးအဆင်ပြေပါတယ်။ ဒါလေး လိမ်းထားလိုက်ရင် Foundation မလို၊ Moisturizer မလို၊ Sunscreen မလို။






ရိုးရိုးပုံနဲ့၊ လိမ်းထားတဲ့ပုံ (ကွာတာတော့ကွာတယ်နော်)

ဒီမှာ BBcream ဆို Nature Republic က နာမည်ကြီးပါတယ်။ အခု ကိုရီးယား အလှကုန်များတင်မဟုတ်ပါဘူး။အနောက်နိုင်ငံ အလှကုန် ကုမ္ပဏီတွေ (E.g. Garnier, Lancome, Mac) လည်း နောက်ကောက်မကျအောင် အမှီလိုက်ပြီး ထုတ်လုပ်နေကြပါပြီ။ တကယ်ကောင်းတာမို့ စာဖတ်သူပျိုမေတွေ အဆင်ပြေမယ်ဆို စမ်းဝယ် ပြီး သုံးကြည့်ဖို့ လမ်းညွှန်လိုက်ပါရစေ။

အလှတွေပိုနိုင်ကြပါစေရှင်။


You Might Also Like

56 comments

  1. အင်း.. တခါမှမသုံးဖူးဘူး.. ကြားဖူးလေ့လာဖူးတာတော့ ကြာပြီ.. သူက skin tone color နည်းနည်းပဲလာတာမလား.. ၀ယ်ပြီးမှ အသားအရောင်နဲ့ မလိုက်မှာလဲ စိုးလို့လေ.. ဟိဟိ
    မြတ်ကြည်ပြောမှ ရောဂါပိုထသွားပြီ.. စမ်းသုံးကြည့်ရင်ကောင်းမလား :P :P

    ReplyDelete
  2. မင်္ဂလာပါ...

    သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

    Myanmar Online Music: http://www.myanmaronlinemusic.com/

    ကျေးဇူးပါ...

    ReplyDelete
  3. န ကောင်မလေးပုံနော် မြတ်ကြည့်
    ဟန်ဂျီအင်းကို မထိမဲ့ တူက သားသားနဲ့ တူလို့ ချောတာ
    တေတွားမယ်းးဟွင်းဟွင်း
    ...

    ReplyDelete
  4. မြတ်ကြည်ရေ....တိုက်တိုက်ဆိုင်ဆိုင် တို့လည်း အခု BB Cream ကို စသုံးနေတာ။ တော်တော်လေးအဆင်ပြေတယ်။ တို့က နဂိုကတည်းက မိတ်ကပ်ထူပိန်းပိန်းကြီးတွေ မကြိုက်တတ်သူဆိုတော့ အဲဒါလေးက အတော်ပဲ။ မြတ်ကြည်ပြောသလိုပဲ အဲဒါလိမ်းပြီးရင် တစ်ခြားဟာတွေ သုံးစရာတောင် မလိုတော့ဘူး။ (ကြော်ငြာ ထပ်ဝင်ပေးသွားပါသည်။)း)))

    ReplyDelete
  5. ကြော်ငြာကောင်းတယ်...
    စမ်းကြည့်ဦးမှ... :)

    ReplyDelete
  6. do you need to use powder after applying BB Cream? Thank you :)

    ReplyDelete
  7. Bobby Brown မှာ skin tone ကိုလိုက်ပြီး အမျိုးအစား ၃ မျိုးရှိတယ်။ သူတို့ရွေးပေးတယ်။ :) ကန်ဒီ အဆင်ပြေလောက်တယ်။

    myanmar online music <-- thank you.

    ဟုတ်တယ်နော် အစ်မအင်ကြင်း (အတိုင်အဖောက်တူနေကြသည်)

    အစ်မမြသွေးနီ စမ်းကြည့်ကြည့်။ ကြိုက်လောက်တယ်။

    Anonymous <-- if you want a supple look, you won't need it but if you want a matted one, you'll need to apply some :)

    ReplyDelete
  8. စမ်းကြည့်မယ်ဂျ.. :D

    ReplyDelete
  9. ညီမလေး မြတ်ကြည်ရေ... အဲ့ဒီ ခရမ်က အန္တရာယ်တော့ ကင်းပါတယ်နော်။ အသားကို စားတာတွေ ဘာတွေတော့ မဖြစ်လောက်ပါဘူးနော်။ အစ်မ ကြားဖူးတယ် အဲ့ဒီ တံဆိပ်ကို။ တချို့က ပြောတော့လည်း အဲ့ဒီမှာ ပါဝင်တဲ့ ပစ္စည်းတွေက အသားအရေကို စားပစ်တယ်လို့ ပြောလို့။

    ReplyDelete
  10. အသားစားတာ မဟုတ်ပါဘူး အစ်မ။ အသားဖြူစေတဲ့ ဂုဏ်သတ္တိမပါတာရှာသုံးပါ။ တချို့ ဈေးချိုတဲ့ ခရင်မ်တွေက အသားဖြူအောင် phosphorous ထည့်ထားတာတွေရှိတယ်။ အဲဒါက အရေပြားကင်ဆာဖြစ်တတ်
    တယ်။ အနောက်နိုင်ငံ ပစ္စည်း သုံးတာကိုတော့ ပိုအားပေးတယ် အစ်မ Rose။

    ReplyDelete
  11. အခုလို ပြန်ဖြေပေးတာ ကျေးဇူးနော် ညီမလေး...။

    ReplyDelete
  12. စမ်းအုန်းမှဘဲမြတ်ကြည်လေးရေ။
    မြတ်ကြည်လေးပိုချောသွားတာတွေ့ တော့စိတ်ပိုဝင်စားသွားတယ်။
    အိုင်အိုရာ

    ReplyDelete
  13. စမ်းကြည့် မမ။ ညီမသုံးတဲ့ Bobbi brown တံဆိပ်လည်း မဆိုးဘူး။
    ဂျွန်မိုးလည်း အဆင်ပြေပါစေနော်။ :)

    ReplyDelete
  14. ဘာမှမလိမ်းထားတာလဲ သဘာဝ အလှလေးကြည့်လို့ကောင်းတာဘဲ..
    လိမ်းထားတော့လဲ ကော်ပတ်ရုပ်လေးလိုဖြစ်သွားရော..
    အဲဒါလဲကောင်းတာဘဲ..း))

    ReplyDelete
  15. Where can i buy it in Europe?Or in MM?You made me "yawga hta":D
    Myat Kyi Lay lo hla ma lar lot.
    Hla chin dar tar maya:P
    Gyidaw

    ReplyDelete
  16. Hi
    I read your post last night and bought ETUDE HOUSE's BB Magic Cream 35ml @ SG$30.90 thinking to try it tomorrow morning although I scare to try a new skin care product...:-) "Cream may give a whitish appearance upon initial application but will naturally blend with skin tone once lotion sets." means phosphorous was added as you side? :-(

    ReplyDelete
  17. Etude House is one famous brand in Korea, I hope it would not add phosphorous to it, cos they need to maintain their name. The cheap brands are like 20 dollars and less ones, most of those i described above are Chinese mades, with indistinct brands. :) don't worry.

    ReplyDelete
  18. Ma Gyi. you can now find them like cosmetic counters :) or you can purchase from G-market or Ebay. I would like to recommend Mac/ Bobbi brown. I haven't tried Mac but, most of the girls love its BB cream.

    ReplyDelete
  19. Etude House က BB Cream သုံးတယ်..မဆိုးဘူးရယ်..

    ReplyDelete
  20. :) Etude House is also famous in Korea. Thanks for visit Ma San Htun

    ReplyDelete
  21. Dear Sister,

    Thankyou for share. Let me know where can i buy BB cream ?. Currently i live in Singapore.
    And also want to know, after i used BB cream, no need to use other make up, right!

    Thanks a lot .

    ReplyDelete
  22. You can buy in cosmetic counters in departmental stores eg Takashimia. just ask them BB cream. :) Korean brands available in Singapore are Etude House, Skin Food, Mishua, The Face shop.

    *You can also buy from Watson, BRTC BB cream (easy to purchase, highly recommended) :)

    ReplyDelete
  23. ညီမေ၇အခုပေါ်နေတဲ.တိုနီမိုလီတံဆိပ်BB CREMကေ၇ာကောင်းလားဟင်

    ReplyDelete
  24. review တွေ လိုက်ဖတ်ကြည့်သလောက်က tony moly bb cream ကို တော်တော်များများက ကြိုက်ကြတယ်။ တကယ် ကောင်းလို့ဖြစ်မယ်ထင်တယ်။

    ReplyDelete
  25. ကဲ အဲဒါကိုသိချင်နေတာ မြတ်ကြည်ရေ
    ခုတော့ကျမသိပြီ
    ကိုရင်လဲ ကြာရင်အိမ်ပေါ်ကနှင်ချတော့မည်း)
    ကန်ဒီဆီပြေးလိုက် မြတ်ကြည်ဆရာတင်လိုက်နဲ့း)

    ReplyDelete
  26. BB cream... try ပြီးကြောင်း သတင်းပို့ .. ကြိုက်စ်... မိုက်.. ခိုက်.. အဟက်ဟက်

    ReplyDelete
  27. thank u so much for "သတင်းပို" :D

    ReplyDelete
  28. သနပ်ခါးမေမှာ BB Cream အကြောင်းဖတ်ပြီး The Body Shop က BB Cream သုံးကြည့်နေတာ။ တော်တော်အဆင်ပြေတယ်။ ဒီ Post အတွက် ကျေးဇူးပါ ညီမရေ

    ReplyDelete
  29. အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်အစ်မ။ :) လိုအပ်တာရှိလည်းပြောပါနော်။

    ReplyDelete
  30. ဆိုးတယ်.... ဖတ်ပီးကတည်းက ရောဂါထသွားတာ... မျိုသိပ်ထားတာ တစ်လမခံတော့ဘူး... ပိုက်ပိုက်ကုန်လည်း ကုန်စေတော့ လှမှ ဖြစ်မယ်လေ... ဒါနဲ့ ပဲ မနေ့ က ၀ယ်လိုက်တယ်... ခက်တာက မသုံးဖူးတာဆိုတော့ မကြည့်တတ်ခဲ့ဘူး.. အဖြူ ဆွတ်ဆွတ်ဝယ်လာမိလို့  အသားမဲ တဲ့မျက်နှာ ပြာသွားပါတယ်.... ကောင်းတော့ အရမ်းကို ကောင်းပါတယ်... မနက်ဖြန် အသားရောင် သွားပြန်ဝယ်ရမယ်.... BB Cream နဲ့ .. BB puff တွဲသုံးတာ... တော်တော်အဆင်ပြေတယ်... သူငယ်ချင်းတစ်ယောက်မျက်နှာ အဲဒါလိမ်းထားတာထင်တယ်.... မေးတာ မပြောဘူးလေ... ခုစမ်းလိမ်းကြည့်တော့ ...မျက်နှာ tone က တူနေတယ်... ကျေးဇူးတင်ပါတယ်.... ကောင်းလည်းကောင်း.. ဈေးလည်းကြီးပါတယ်.... နဲနဲပဲပါတယ်... ဟင့်....

    ReplyDelete
  31. ငိုပါနဲ့ကွယ်။ မြတ်ကြည်လည်း အသားမဖြူတော့၊ အရောင်ပါတာလေးရှာသုံးတယ်။

    ReplyDelete
  32. beauty credit က bb cream ကရောကောင်းလားမသိဘူးနော်
    ပြန်ဖြေပေးပါဦး
    တခြား skin care တွေကအဲဒီကဟာတွေကိုသုံးလို့လေ

    ReplyDelete
  33. သဲရေ၊ beauty credit က အသားအရောင် အသားဖြူတဲ့သူဆိုရင်ပိုအဆင်ပြေမယ်ထင်တယ်။ အရောင်ရွေး၊ စမ်းလိမ်းကြည့်ပြီးမှ ဝယ်ပါလို့ အကြံပြုပါရစေ။

    ReplyDelete
  34. ဟုတ်၊ ကျေးဇူးနော်
    :)

    ReplyDelete
  35. ဒီ post လေးကို ဖတ်ပီး BB CREAM လိမ်းချင် စိတ်တွေ အရမ်းဖြစ်သွားလို့ Maybellin က ထုတ်တဲ့ ဟာ ၀ယ်လိုက်တယ် ...
    လိမ်းတာ တစ်ခါ 2 ခါ ပဲ ၇ှိသေးလို့လားမသိဘူး သိပ်မသိသာဘူး ဘာမှ ကို မလိမ်းထားသလိုပဲ နော်

    BB cream puff နဲ့ တွဲ သုံးရမှာလားဟင် ...
    ဒါမှ မဟုတ် ကိုရီးယား brand ပဲ ၀ယ်သုံးရမလား ...

    ReplyDelete
  36. ဟုတ်တယ်ရှင့်။ သူ့ပုံစံကိုက မိတ်ကပ်လိမ်းထားတဲ့ပုံမပေါက်ပဲ အသားအရေ နဂိုလှနေသလို အမြင်ဖြစ်အောင်လုပ်ပေးတာ။ ခရင်မ်နဲ့ ပတ်သက်ရင် ကိုရီးယား တွေကို ပိုသုံးကြတယ်။ cream puff နဲ့ တွဲသုံးနိုင်ရင်ပိုကောင်းပါတယ်။

    ReplyDelete
  37. မမြင်ဘူးဘူး ပုံလေး ထည့်ပြပါလားဟင် ။

    ReplyDelete
  38. လိမ်းထားတဲ့ပုံက တော့တစ်ကယ်လှတာဘဲ ရိုးရိုးလေးလဲလှပါတယ်။

    ReplyDelete
  39. မြတ်ကြည်လေးပြောတာနဲ့ အစ်မလည်းအရမ်းကိုလိမ်းချင်လာပြီ..
    eBay ထဲမှာ Clinique ကထုတ်တဲ့ BB ဆိုတာကိုတွေ့တယ်..
    အစ်မရှာဝယ်ကြည့်လိုက်အုံးမယ်သမီးရေ..
    ကျေးဇူး

    ReplyDelete
  40. ညီမလေးရေမကအခုမစပြီး BB cream ကိုသုံးမှာဆိုတော့ ဘာတံဆိပ်ကိုသုံးရမှန်းမဘူးဖြစ်နေတယ်
    Moisturizer cream လိမ်းပြီးမှ BB cream လိမ်းရတာလားဆိုတာလဲသိချင်လို့ ပါညီမလေး

    ReplyDelete
  41. ညီမက bobbi brown သုံးတယ် အစ်မ။ bbcream မလိမ်းပဲ bb cream puff ဆို skinfood ကို သုံးတယ် အစ်မ။ bbcream က tinted moisturizer ဆိုတော့ moisturizer အထူးတလည် မလိုဘူး အစ်မ။ Moisturizer ခံလိုက်ရင် မျက်နှာ အဆီပြန်သလို ဖြစ်သွားတတ်တယ် အစ်မ။

    ReplyDelete
  42. ကျေးဇူးနော်

    ReplyDelete
  43. ဒီ Blog မှာ BB Cream အကြောင်းတွေ့လို့ရောဂါရပြီးလိုက်လေ့လာနေတာ တော်တော် ထောက်ခံကြတာပဲ
    ဘယ် Brand ကိုသုံးရမလဲမသိဖြစ်နေတယ် တော်တော်များများကတော့ Skin79 နဲ့ Mac နဲ့ Estee Lauder ရယ် Bobbi Brownကို သုံးကြတာတွေ့တယ် မြတ်ကြည်ရောအကြံပေးပါဦး

    ReplyDelete
    Replies
    1. အခုတလောတော့ bobbi brown အပြင် skinfood bb cream puff သုံးနေတာ အဆင်ပြေတယ် အစ်မ။

      Delete
  44. oh you make me etchy to buy it lah!
    LOL..
    thnx 4 sharing,,,,,,,
    AnnE

    ReplyDelete
  45. အမရေညီမလည်းအခုမှbbcreamစသုံးမှာလေ။အဲ့တော့ဘယ်တံဆိပ်သုံးရမလဲမသိဘူး
    အမသိတဲ့အတိုင်းမြန်မာနိုင်ငံမှာကbrandခပ်ရှားရှားရယ်။နောက်ပြီးညီမကlorealဘဲသုံးဖူးတော့ပြောင်းသုံးလိုက်ရင်တစ်ခုခုဖြစ်မှာလည်းဆိုးသေးတယ်။အမသုံးတဲ့bbcreamရဲ့ဈေးနူန်းကိုပါတစ်ခါတည်းပြောပေးပါနော်။အဆင်ပြေရင်မှာသုံးလို့ရအောင်လို့

    ReplyDelete
    Replies
    1. ညီမလေး ရန်ကုန်ပြန်တုန်းကတော့ စင်ကာပူသံရုံးနားက စီးတီးမတ်မှာ Etude House တံဆိပ် ကိုတွေ့တယ်။ ကိုရီးယားမှာတော့ နာမည်ကြီးတယ်။ ၂ သောင်း ဝန်းကျင်တော့ ရှိမယ်ထင်တယ်။

      Delete
  46. THEFACESHOP korea brand ကော ကောင်းပါသလား?

    ReplyDelete
  47. bb cream ကနယ်တွေ မှာ ရော် ရလာဟင်

    ReplyDelete
  48. sis ..
    Laneige က sleeping Mask သုံးဖူးလား ..
    အဲ့ဒါလည်း Korean brand ပဲ ဟုတ် .. :))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  49. မသုံးဖူးဘူး အစ်မ။ ကိုရီးယားbrand တော့ဟုတ်တယ်။

    ReplyDelete
  50. အနော်လဲသုံးချင်တယ် အမှန်တိုင်းပြောရရင်အနော်က အလှပြင်တာဝါသနာပါဘူး။ ဟီးးး
    အနော်က မလေးမှာနေတာလေ။ အဲ့..အနော့်က မိန်းကလေးနော်။ ဟီးး
    အဲဒါလေ အလှပြင်ဆိုင်တွေမှာဘယ်လိုမေးပြီးဝယ်ရမလဲဟင်။ (အနော် တော်တော်တုံးပါတယ်)။ အနော်သုံးတာ L'oreal မိတ်ကပ်ပဲသုံးတယ်။ ကျန်တဲ့တံဆိပ်တွေမသိဘူး။ ပြောပြပေးပါနော် အမ။ ဘယ်လိုတံဆိပ်ကိုဘယ်လိုဝယ်ရမလဲဆိုတာ။း)

    ReplyDelete
  51. BB cream ဈေးနှုန်းတွေပြော်ပေးလို့ရမလား

    ReplyDelete
  52. http://www.facebook.com/dollyster မှာတော့ ကြည့်လို့ရပါတယ်။

    ReplyDelete