လွယ်လွယ်ကူကူ Front Twist ဆံပင်စတိုင်လ်

By 6:13 AM


အရှေ့ပိုင်းက ဆံပင်လေးတွေကိုပဲ လိမ်ပြီး ကျစ်ထားတဲ့ ပုံစံ Front twist လုပ်နည်း ကို တင်ပြပေးလိုက်ပါတယ်။ အမြင်ဆန်းလေးလည်းဖြစ် လိုက်လုပ်ရလွယ်ကူပြီး အချိန် (၂) မိနစ်လောက်ပဲ ပေးစရာလိုတာမို့ အကြိုက်တွေ့လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ 

ဓာတ်ပုံနဲ့ဆိုကြည့်ရအဆင်မပြေမှာစိုးလို့ Video ကို ချုံ့ပြီး တင်ပေးလိုက်ပါတယ်။ ကြည့်လို့အဆင်ပြေမပြေ၊ ပြန်ပြောပေးပါနော်။



Facebook link က တော့ ဒီမှာ ရှိပါတယ်

  • Video ကြည့်ဖို့အဆင်မပြေတဲ့သူများ အတွက်လည်း လုပ်နည်းလေးကိုရေးပေးထားပါတယ်။

၁) ခွဲကြောင်းဘေးက ဆံပင်ကို ဘီးချွန်နဲ့ ပိုင်းပြီး ယူပါ။

၂)  ပိုင်းယူထားတဲ့ ဆံပင်ကို အရှေ့ခြမ်း (က)နဲ့ အနောက်ခြမ်း (ခ) ခွဲပါ

၃) အရှေ့က ဆံပင် (က) ကို အနောက်ဆံပင်စ (ခ) အပေါ်မှကျော်၍ နောက်သို့ပို့ပါ။ အနောက်ကဆံပင် (ခ) က အရှေ့သို့ရောက်လာပါလိမ့်မယ်။

၎) အရှေ့ကိုရောက်လာတဲ့ ဆံပင် (ခ) နဲ့ အရှေ့မှာရှိတဲ့ ဆံပင်အနည်းငယ်(ဂ) ကို ပေါင်းပါ။

၅) (ခ+ဂ) ကို  အနောက်ဆံပင်(က) အပေါ်မှကျော်၍ အနောက်သို့ပို့ပါ။ အနောက်ကဆံပင် (က) က အရှေ့သို့ရောက်လာပါလိမ့်မယ်။

၆) အရှေ့ကိုရောက်လာတဲ့ (က) ကို အရှေ့မှာရှိတဲ့ ဆံပင် အနည်းငယ် (ဃ)နဲ့ပေါင်းပါ။

၇) (က+ဃ) ကို အနောက်က ဆံပင် (ခ+ဂ) အပေါ်သို့ကျော်၍ အနောက်သို့ပို့ပါ။ (ခ+ဂ) အရှေ့ကို့ ရောက်လာပါမယ်။

၈) (ခ+ဂ) ကို အရှေ့ဆံပင် အနည်းငယ် (င)နဲ့ပေါင်းပါ ...

ဒီလောက်ဆို သဘောတရား နားလည်လောက်ပြီ ထင်ပါတယ်နော်။ရေးတာတောင် ပိုခက်နေမလားမသိ။

ဖော်မြုလာက - (နှစ်ပိုင်းခွဲ --> အရှေ့ကို အနောက်ကို ပို့ --> အရှေ့+ အရှေ့ --> အနောက်ကို ပို့ --> အရှေ့+ အရှေ့ -->အနောက်ကို ပို့)

လိုချင်တဲ့ အနေအထားထိလုပ်သွားပြီး ရင် သားရေကွင်းနဲ့ဖြစ်ဖြစ်၊ ကလစ်နဲ့ဖြစ်ဖြစ်ထိန်းလိုက်ရင် Front Twist  ဆံပင်ပုံလေးရပါပြီရှင်။

အလှတွေပိုနိုင်ကြပါစေ။

You Might Also Like

9 comments

  1. မိုက်တယ် မြတ်ကြည်ရေ ... ဗီဒီယို ကြည့်မှပဲ ရှင်းတော့တယ် .. :)
    အဲလိုမျိုးဆန်ဆန်ပဲ ကျစ်ဆံမြီးလေး ကျစ်ချင်နေတာ .. မလုပ်တတ်လို့ ..
    ဒါလေးကတော့ လွယ်တယ် ...

    ပြည့်ဖြိုး

    ReplyDelete
  2. ညီမရေ အဲဒါမျိုးတွေများများတင်ပေးပါနော်
    အမအဲဘက်အားနည်းလို့အခုတလောလှချင်နေတယ်လေ :P

    ReplyDelete
  3. ဆံပင်ပုံစံေ၇ာ၊လူေ၇ာ၊အသံလေးေ၇ာချစ်စ၇ာကောင်းတယ်.....

    ReplyDelete
  4. u r so cute sis.. i will try to do it and let u know back again..
    thanks for sharing this.. =)

    ReplyDelete
  5. ဗွီဒီယိုက ပိုကြည့်ရလွယ်တယ်.. အဲ့ဒါမျိုးတွေက ရေးရင် ခက်တယ်နော်.. ဟိဟိ

    ReplyDelete
  6. အဲ့လိုဗီဒီယိုလေးနဲ့ ကြည့်ရတာအရမ်းအဆင်ပြေတယ်
    နောက်လဲအဲ့လိုလေးတွေတင်ပေးနော်..
    အရမ်းချစ်ဖို့ကောင်းတယ်..း)

    ReplyDelete
  7. ဗီဒီယိုကြည့်မှ ရှင်းသွားတာပဲ မြတ်ကြည်ရေ..လွယ်လွယ်လေးနဲ့  လှတယ်..ကျေးဇူး

    ReplyDelete
  8. မမ ချစ်ဖို့ကောင်းတယ် လာလည်သွားတယ်နော်
    တော်တော်လေးချစ်ဖို့ကောင်းတယ်

    ReplyDelete
  9. အရမ်းချစ်ဖို့ကောင်းတယ်သိလား မမ
    အတည်ပြောတာ

    ReplyDelete