ဘာလို့ ဝိတ်မကျနိုင်တာလဲ?

By 9:15 AM


အစားလည်းလျှော့၊ လေ့ကျင့်ခန်းလည်း လုပ်ပါလျက် ဒီဝိတ်က မကျနိုင်တဲ့ အခါ စိတ်ဓာတ်ကျစရာပါပဲ။ အခုပြောမယ့် အကြောင်းအရာ တစ်ချက်ချက်တာ ပျိုမေတို့ ပန်းတိုင် မရောက်အောင် နှောင့်ယှက်နေလို့ပါ။ ဒါလေးတွေကို သတိပြူနိုင်ရင် ကိုယ်အားထုတ် သမျှ  အချည်းအနှီး မဖြစ်တော့ဘူးပေါ့။



ရေမသောက်လို့

စာတမ်းတွေအရ ရေ ပုံမှန် သောက်တာက ကိုယ်ခန္ဒာကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ဝိတ်လျှော့တဲ့ နေရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ အစားမစားခင် ရေတဝ သောက်တာက အစာစားမယ့် ပမဏကို နည်းသွားစေပါတယ်။ ရေဓာတ်များများပါတဲ့ သစ်သီးဝလံတွေ စားတာက ဗိုက်ကို ခနလေး ပြည့်စေတာမို့ သင့်ကို အစာနည်းနည်းပဲ စားစေမှာပါ။ စာတမ်းတွေ အရ ရေခဲရေဟာ ကိုယ်ခန္ဒာရဲ့ ဇီဝဖြစ်စဉ် (energy သုံးစွဲမှု) ကို တိုးမြှင့်ပေးပြီး အချိုရည်တွေကို သောက်သုံးချင်တဲ့ စိတ်ကို လျှော့ချပေးတယ်လို့သိရပါတယ်။

ခွေးလေးနဲ့ လမ်းလျှောက်တာကို လုံလောက်ပြီထင်

ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်တာက တော်သေးတယ်လို့ဆိုရပါမယ်။ ဒါပေမယ့် ၁၅ မိနစ်လောက် လမ်းလျှောက်ရုံရဲ့ ဟော ဟတ်ချလောက် ဆိုပြီး ဝိတ်မကျနိုင်ပါဘူး။ မိနစ် ၃၀လောက် လှုပ်လှုပ်ရှားရှား နှလုံးကို ပိုအလုပ်ပေးတဲ့ လေ့ကျင့်ခန်းမျိုးကို အချိန်ယူပြီး ပုံမှန်လုပ်ပါမှ သိသိသာသာမြင်ရမှာပါ။ ( ဥပမာ ပြေးတာမျိုး)

ကျန်းမာတဲ့ အစာတွေစားလွန်း

 

အစေ့အဆံ၊ ထောပတ်သီး၊ သံလွင်ဆီတွေက သွေးတွင်းမှာ မကောင်းတဲ့ အဆီ cholesterol တွေကို လျှော့ချပေးပေမယ့်လည်း သူတို့ဟာ ကယ်လိုရီတွေ အများကြီးပါပါတယ်။ ထောပတ်သီး တစ်လုံးဟာ ၂၀၀ ကယ်လိုရီရှိပါတယ်။ သွေးတွင်းအဆီကို လျှော့ပေးပေမယ့် အများကြီးစားရင် ခန္ဒာကိုယ် အဆီတက်လာမှာ ကျိမ်းသေပါပဲ။ 

ဗိုက်ထဲ အစာမရှိပဲ လေ့ကျင့်ခန်းလုပ်

အစားမစားထားပဲ လေ့ချင်ခန်းလုပ်တဲ့ အခါ ကိုယ်ခန္ဒာက လောင်ကျွမ်းလိုက်တဲ့ ကယ်လိုရီက အဆီကမဟုတ်ပဲ ကြွက်သားက ဖြစ်နေပါတယ်။ အဲဒီတော့ ကြွက်သားသာကုန်သွားပြီး အဆီက မကျပဲ ဘတ်လတ် ဘတ်လတ် ဖြစ်တာပေါ့နော်။ ကိုယ်မှာ ကြွက်သားများများရှိတာ ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြှင့်ပေးပြီး ကယ်လိုရီများများ လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် အစားကို ကြိုစားထားရင် ကြွက်သားမှ ကယ်လိုရီလောင်ကျွမ်းတာကို ကာကွယ်နိုင်သလို လေ့ကျင့်ခန်းကိုလည်း အားအင်ပြည့်ပြည့်နဲ့ လုပ်နိုင်မှာပါ။

လက်တွဲမညီတဲ့ လက်တွဲဖော်

ကိုယ်လည်း ဝိတ်ချ၊ သူလည်း ဝိတ်ချကတော့ အကြောင်းမဟုတ်ပါဘူး။ ကိုယ်ဝိတ်ချနေတဲ့အချိန် သူက ဟိုဟာတွေ ဝယ်လာလိုက်၊ ဒီနေရာမှာ သွားစားလိုက်၊ ကိုယ်က ပါ ပါသွား၊ ဝိတ်ကျဖို့ကို မမျှော်လင့်ပါနဲ့။ သင်ဝိတ်ကျဖို့က သင့်လက်တွဲဖော်ရဲ့  အားပေးမှုလည်း လိုအပ်ပါတယ်။ အပြင်မှာ စားတဲ့အခါ သူ့အကြိုက် သူမှာ၊ ကိုယ့်အကြိုက်ကိုယ်မှာ လုပ်ကြည့်ပေါ့။




အစာအုပ်စု တစ်ခုလုံးကို ချန်လှပ်ထားခြင်း

အစာအုပ်စု ၃ စုရှိတဲ့ အထဲမှာ (protein/ fat/ carbohydrate) အုပ်စုတစ်စုကို လုံးဝမစားပဲ ဖယ်ထားရင် အာဟာရချို့တဲ့မှုတွေရှိနိုင်တဲ့အပြင် ကိုယ်ရှောင်ထားတဲ့ အစာဆို ပိုစားချင်၊ စားမိရင် နင်းကန် ဖိစားတတ်တာမို့လို့ ၊ လုံးဝရှောင်တာထက် အနည်းအကျဉ်းတော့ စားပေးဖို့လိုပါတယ်။

 အိပ်ရေးမဝ

ဝိတ်လျှော့ဖို့ကြိုးစားနေတယ်ဆိုရင် လုံလောက်အောင် အိပ်ပါ။ တစ်နေ့တာကို ချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ အိပ်စက်တဲ့ နာရီ ပြည့်ဝဖို့လိုပါတယ်။ အိပ်ရေးမဝရင် ခန္ဒာကိုယ် အစားပိုစားစေတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါသတဲ့။

 ဟင်းသီးဟင်းရွက် မစား

 သာမန်လူတွေ  ဟင်းသီးဟင်းရွက်စားပေးဖို့ လိုအပ်သလို ဝိတ်လျှော့တဲ့ လူတွေက ပိုပြီးတောင်လိုအပ်လှပါတယ်။ ဟင်းသီးဟင်းရွက်တွေဟာ ကယ်လိုရီနည်းနည်းနဲ့ အာဟာရ၊ ဗီတာမင်၊ သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဗိုက်ပြည့်တာကို အချိန်ကြာကြာထိန်းထားနိုင်ပါတယ်။


 အဝတ်အစား အပွကြီးတွေဝတ်

 ပွပွရရ ဝတ်တာ လူကိုသက်တောင့်သက်သာရှိစေပေမယ့် ကိုယ့် အင်္ကျီအောက်မှာ ဘယ် အခြေအနေရောက်နေလည်း မမြင်ရတော့ပါဘူး။ Fitting လေး ဝတ်မှ အင်္ကျီတွေကျပ်လာတဲ့အခါ ဪ ငါဝလာပါလား? လျှော့ရမယ် စသဖြင့် သိလာမှာပါ။

မနက်​စာ မစား

မနက်​စာ တစ်​နှပ်​​လျှော့ လို့ ကယ်​လိုရီ ၀င်​တာ သက်​သာလိမ့်​မယ်​မထင်​ပါနဲ့။ ခနာကိုယ်​က သူ့ကို အငတ်​ထားတယ်​ ဖက်​ပြီး ​အဆီ​တွေပိုစုပါလိမ့်​မယ်​။ ဒါ​ကြောင့်​  မနက်​စာကို ပြည့်​ပြည့်​၀၀ စားပါ။ အသားဓာတ်​များတဲ့ အစာကို စားခြင်းဖြင့်​ ပြည့်​တင်းတဲ့ ခံစားမှုကို ဖြစ်​​စေပြီး ​နေ့ရဲ့ ​နောက်​ပိုင်း စားလာမယ့်​ ပမာဏ ကို ​လျှော့ချ​ပေးပါမယ်​။

တစ်​ခါစား ပမာဏ မထိန်း

Diet လုပ်​တဲ့ ​နေရာမှာ အာဟာရပြည့်​ဝစွာ စား​သောက်​မယ်​ဆိုရင်​ portion control ဟာ မရှိမဖြစ်​လိုအပ်​လှပါတယ်​။ ကိုယ်​စားမယ့်​ ပန်းကန်​ အရွယ်​အစား ခွက်​အရွယ်​အစားကို ချုံ့ ပစ်​လိုက်​ပါ။ တစ်​ပန်းကန်​ကုန်​တာနဲ့ ဦး​နောက်​က ဗိုက်​ပြည့်​တဲ့ signal ထုတ်​​ပေးပါလိမ့်​မယ်​။



မစဉ်းစားပဲ စား

ကိုယ် computer လုပ်​ချိန်​  TV ကြည့်​ ချိန်​မှာ ကြွပ်​ကြွပ်​ဝါးတဲ့ သ​ရေစာ​တွေ အနားမှာ မထားပါနဲ့။ တစ်​ခုခုကို စိတ်​၀င်​စား​နေတဲ့ အချိန်​ ​ကောက်​၀ါး​နေလိုက်​ရင်​ ဘယ်​နှစ်​ခု ၀င်​သွားလည်း​တောင်​ သိမှာမဟုတ်​ပါဘူး။ အစာကို အချိန်​ သတ်​သတ်​ ကန့်​သတ်​ပြီးစား​ပေးပါ။

Gas ပါတဲ့ အ​အေးကို လက်​မလွတ်​နိင်

Gas ပါတဲ့ အ​အေး​တွေက သင့်​ကို သကြားကလွဲလို့ ဘာ အာဟာရမှ​ပေးမှာ မဟုတ်​ပါဘူး။ Diet soda ​တွေအပါဝင်​​ပေါ့။ စစ်​တမ်း​တွေအရ diet soda ​သောက်​တဲ့သူ​တွေဟာ အချိုရည်​ မ​သောက်​တဲ့သူ​တွေထက်​ ၅၀၀ ရာခိုင်​နှုန်း  ခါးအတိုင်း ပိုကြီးပါသတဲ့။

အပြင်​ထွက်​စား

သူငယ်​ချင်း​တွေနဲ့ ရည်းစား နဲ့ အပြင်​ထွက်​စားတာက စိတ်​အပန်း​ဖြေစရာ ဖြစ်​​ပေမယ့်​  သူတို့ မှာတာ ကိုယ်​လိုက်​စားတဲ့ အခါ ကိုယ်​လိုချင်​တဲ့ ပန်းတိုင်​ ဘယ်​​ရောက်​​တော့ ပါမလဲ။ ​နောက်​ တစ်​ခါ မလွဲမေ​ရှောင်​သာ လို့ စားရ တဲ့ အခါ သူ့ အတွက်​သူမှာ ကိုယ့်​အတွက်​ကိုယ်​မှာ စနစ်​ကျင့်​သုံးပါ။ 



ဆောင်းပါးလည်း​တော်​​တော်​ရှည်​သွားပြီ။ မြတ်​ကြည်​ လည်း diet ကာလထဲမှာပါပဲ။ စမ်းသပ်​ကာလ (တစ်ပတ်) ​ကျော်​သွားရင်​ နည်း​ကောင်း​လေး​တွေ ​ဝေမျှ​ပေးပါမယ်​​နော်​။ 
ပျိုမေတို့အတွက် ဒီဆောင်းပါးလေးကို Lizzi Fuhr ရေးသားတဲ့ Reasons you are not losing weight ကို မှီငြမ်း ရေးသားထားတာ ဖြစ်ပါတယ်ရှင်။

လိုချင်တဲ့ ပန်းတိုင်သို့ အမြန်ဆုံး တက်လှမ်းနိုင်ပါစေရှင်။
Please visit my facebook page http://www.facebook.com/thanakharmay for more beauty tips and updates.

You Might Also Like

0 comments