Work it, Swork it!

By 8:43 PM

Image result for sworkit logo
SWORKIT

လတ်တလော နေ့စဉ် ဦးစားပေးဖြစ်တဲ့ အရာထဲမှာ လေ့ကျင့်ခန်းရယ်လို့ ပါလာပါတယ်။ ငယ်ငယ်က အပျင်းတစ်ခဲ့သမျှ အသက်ကြီးလာတော့ ဗိုက်လေးက ထွက်စပြုလာ၊ တင်လေးက လျှေစပြုလာတဲ့ ဇရာ၊
 အဲဒါကို လက်မခံချင်သေးတာနဲ့ လုပ်ဖြစ်တာလည်း ပါတာပေါ့နော်။

စစချင်းကတော့ အလုပ်က ညီမလေးတစ်ယောက်နဲ့အတူ My Gym မှာ သွားက ဖြစ်တယ်။ အက က အပြန် အလုပ်သွား၊ ကွက်တိပဲ။ ပင်ပန်းတယ်ဆိုပေမယ့် တကယ် ပင်ပန်းခံရကျိုးနပ်တယ်။ ဗိုက်လေးလည်းချပ် လူလည်း ပေါ့ပါး၊ ယုံကြည်မှုလည်း တက်စေတာ အမှန်ပဲ။ K-pop, အင်္ဂလိပ်သီချင်း, သိတာတွေရော၊ မသိတာတွေရော ဆရာမသင်တာ လိုက် က၊ ဟုတ်နေရော။

My Gym မှာ ကတုန်းက


Morning က နေ Evening နဲ့ Night Duty လည်း ပြောင်းရော၊ အဲ့မှာ အခက် စတွေ့တော့တာပဲ။ တချို့ ပတ်တွေ လာလို့မရ၊ လာလို့ရ ၊ အက က ပျက်လိုက်တာနဲ့ အသစ် သင်တာတွေ နောက်နေ့မှာ လိုက်မမီတော့ဘူး။ ကိုယ်ကလည်း pro ကြီးမဟုတ်တော့ တနေ့သင်တာ တနေ့ မနည်း လိုက် က နေရတာ။ အိမ်မှာ ငုတ်တုတ် ထိုင်လိုက်တာ တလ လောက်လည်းဖြစ်ရော မကခင်က ထက်တောင် ပိုဝ လာ။ ကတုန်းက ကလို့ ဆို များများ စားတာကိုး၊ အကလည်း ရပ်ရော စားတဲ့ အကျင့်က ဖျက်မရ။ စိတ်ဓာတ်ကျ။

ဝလာ ၀လား(


ဒါနဲ့ပဲ ကိုယ့်ဘာကိုယ် အိမ်မှာ လုပ်နိုင်မယ့် နည်းလေးလိုက်ရှာရတယ်။ Swork it ဆိုတဲ့ application. မြတ်ကြည်တို့လို beginner တွေ အတွက် အရမ်း အသုံးဝင်တယ်။ အကြမ်းဖျင်းအားဖြင့် ၄မျိုးပါတယ်Image result for sworkit

Cardio ရယ် strength ရယ် yoga ရယ် stretching ရယ်. Strength မှာမှ ဗိုက် ၊လက်မောင်း၊ တင် ကိုယ်ကြိုက်တာရွေးဆော့၊ သူ ပြတဲ့အတိုင်း လိုက်ကြည့်လုပ်ရုံပဲ။ အချိန် timer လေး ချိန်၊ လုပ်ပြီးသွားရင် calorie ဘယ်လောက် လောင်လဲ ဆိုတာပါပြပေးတယ်။ ပြင်းပြင်းထန်ထန်ကြီး မလုပ်ချင်ရင်တောင် yoga လေးလုပ်၊ အဆင်ပြေတယ်။

၇လာဒ်က သွက်လက် ပေါ့ပါးလာတယ်၊ အသားကျစ်လာတယ်၊ နေလို့လည်းကောင်းလာတယ်


No gym, no excuses. Gym သွားဖို့ အချိန်မရှိလို့ ဆိုတဲ့ အကြောင်းပြ မနေပါနဲ့တော. အိမ်မှာပဲ ဆော. လို့ရတယ် ဘာကရိယာ မှလည်းမလိုပါဘူး။ တစ်ပတ် ၄ ရက် လောက် ဆော့နိုင်ရင်ပဲ သိသာပါတယ်၊ ကိုယ်လှဖို့ ကိုယ် ကျန်းမာဖို့ ကိုယ့်မှာပဲ တာဝန်ရှိတယ်လို့း)

နောက်ရက်တွေ အဆင်ပြေရင် Diet အကြောင်းလေး တင်ပေးပါမယ်နော်





You Might Also Like

2 comments

  1. This article discusses the importance of this blog for business promotion. Promoting a blog is just like promoting any other website and can be difficult to do if you are
    Buy yahoo accounts not sure what needs to be done, but with the right tips and tricks, this doesn't have to be. Hopefully, you find this article on this blog helpful and decide to visit the site below to see just what they are talking about.

    ReplyDelete